ကျွန်ုပ်တို့အကြောင်း

ကချင်ပြည်နယ်၏ သတ္တုနှင့် ကျောက်မျက်လုပ်ငန်းများဆိုင်ရာ Website မြေပုံညွှန်း (Mining Cadaster) အား သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ကချင်ပြည်နယ် နှင့် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံ တာဝန်ယူမှုဆိုင်ရာ ကွန်ရက်ကချင်ပြည်နယ် (TANKS) တို့မှ ပူးပေါင်းလုပ်ဆောင်ထားခြင်း ဖြစ်သည်။


ရည်ရွယ်ချက်

၁။ ကချင်ပြည်နယ်အတွင်း လုပ်ဆောင်နေသော သဘာဝသယံဇာတတူးဖော်မှုလုပ်ငန်းများ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူ တာဝန်ခံမှုရှိသော လုပ်ငန်းစဉ်ဖြစ်ပေါ်လာစေရန်။

၂။ ကချင်ပြည်နယ်အတွင်း လုပ်ဆောင်နေသော သဘာဝသယံဇာတတူးဖော်မှုလုပ်ငန်းများနှင့် စပ်ဆိုင်သော အချက်အလက်များအား အများပြည်သူများ လွယ်ကူစွာရယူနိုင်ရန်။